အမေများနေ့ဘာကြောင့်ဖြစ်
အမေများနေ့ ဘယ်လိုဖြစ်လာတာလဲ? ဖြစ်ပေါ်လာပုံကို ပြောကြတာချင်း မတူကြဘူး။ မြန်မာပြည်မှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ထားတယ်။ တချို့နိုင်ငံရဲ့ အမေများနေ့အကြောင်းကို အင်တာနက်မှာ ရှာပြီး ဘာသာပြန်မျှဝေလိုက်ပါတယ်။

တောင်းပန်ခြင်း
ဟုတ်ကဲ့
အားလုံးကိုတောင်းပန်ပါတယ်
တောင်းပန်ချင်တဲ့အကြောင်းကတော့ . ကျွန်တော့်ဘလော့မှာ ပုံတွေမပေါ်ခဲ့ရင် . တောင်းပန်ပါတယ်. ဘာလို့လဲဆိုတော့ ကျွန်တော့် Image Hosting က သူများတွေလို Photobucket တွေ တခြား hosting တွေမသုံးဘူးဗျ ဟင် ဒါဆို မင်းဘာသုံးလဲလို့မေးရင် ဟုတ် ကျွန်တော်ရဲ့ Image Hosting က Facebook ဖြစ်နေပါတယ်ခင်ဗျား . .:)
အခုဗျာ ကျွန်တော့် အကြောင်းကြောင်းကြောင့် Facebook အကောင့်ကြီးဖျက်ပြစ်လိုက်တယ် လူကြီးမင်းတို့ ဖျက်ချင်ရင် https://www.facebook.com/help/delete_account အဲဒီမှာ သွားလိုက် Facebook အကောင့်ကို ဖျက်လို့ရတယ် တစ်ခုတော့ရှိတယ် သတ္တိရှိဖို့တော့လိုတယ်နော် ကျွန်တော်က ဖျက်လိုက်ရောဗျာ ဖျက်လိုက်တော့ ပျက်သွားရောပေါ့ ပျက်သွားတော့ ကျွန်တော်တင်ခဲ့တဲ့ဓာတ်ပုံတွေအကုန် မျိုးတုံးကုန်ရော . အဲဒါကိုတောင်းပန်ချင်တာ အကယ်၍ တစ်ချို့ဓာတ်ပုံတွေမပေါ်ခဲ့ရင် သည်းခံပြီးတော့ နားလည်ပေးကြပါလို့ . .
ပြီးတော့ ပြောရအုံးမယ်ဗျ.
ပိုင်ဆိုင်မှု့များရင် ဆုံးရှုံးမှု့လည်းများတယ်ဗျ
ကျေးဇူးတင်ပါတယ်
လောလောဆယ်တော့အရမ်းဝမ်းနည်းသလိုပဲဗျ
မောင်စိုင်း
Facebook Gamer များအတွက်
အခုတလော FB က Flash GAme တွေ ဆော့လို့မရဘူးဖြစ်နေတယ် အောက်ပိုင်းတစ်ပိုင်းမပေါ်ဘူးဖြစ်နေတယ်ဗျာ ဆော့ရတာဟက်ကော့ကြီး အဲဒီတော့ Maxthon Browser လေးနဲ့ဆော့ လိုက် ရင် သူ့မှာ Pop up ပါတဲ့အတွက် အပြည့်အ၀ဆော့လို့ရသွားတယ်ဗျာ . .
နောက်တစ်ခု ဒီဘရောက်ဇာကောင်းတာက Download Manager ပါတစ်ခါထဲပါတယ်ဗျာ IDM ဆိုရင် Key တွေဘာတွေတောင်းရင်တောင်းနေသေးတယ် ဒီကောင်ကလုံးဝမတောင်းဘူး .စိတ်ကြိုက်ဆွဲရုံပဲ ဆွဲလို့လည်းကောင်းတယ်. သူ့ရဲ့ပုံစံလေးက ရိုးစင်းတယ်.

အဲလိုလေးဗျာ ဂိမ်းကို အကုန်ချဲ့ပြီးဆော့လို့ရတယ်. Read more
April 26 is My Birthday

ဒီနေ့ ကျွန်တော့်မွေးနေ့ဗျာ .
ဒီနေ့ က အသက် ၂၁ နှစ်ပြည့်တဲ့နှစ်ဖြစ်တယ်ဗျာ .
မွေးကတည်းက ခုချိန်ထိ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်မလုပ်ဖူးပေါင်. ![]()
တစ်ခါလားပဲလုပ်ဖူးတယ် .. ဘာမှလည်းမထူးဆန်းဘူးထင်လို့လေ. သတိမထားမိဘူးဆိုပါတော့ အခုတော့ သူငယ်ချင်းတွေများလာတော့ ဂရုစိုက်လာရတယ်.ကောင်းပါတယ် မဟုတ်ရင် ကိုယ့်ကိုယ်ကိုတောင်အသက်ကိုမေ့ထားတာဆိုတော့.
မွေးနေ့ရောက် တိုင်း စိတ်ညစ်တယ်ဗျ —အသက်တစ်နှစ်ပိုကြီးလာလို့လေ — ဟီး .
အခု April လ ၂၆ ရက်က ကျွန်တော့်မွေးနေ့ဖြစ်တယ်. မွေးနေ့မှာ ကျွန်တော်နဲ့အတူ ၃၁ ဘုံသားအားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ. .
အဲဒါနဲ့ G 3 ရဲ့ Happpy Birthday သီချင်းလေးကြိုက်လို့တင်ပေးလိုက်ပါတယ်. .နားထောင်သွားကြဗျာ တော်တော်ကောင်းတယ်
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒီနားလေးမှာဒေါင်းလိုက်ဗျာ Download Here

သင်သိသလား ?
A man should not sleep on silk till he has walked on sand.
သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။
Rich miser is poorer than a poorer than a poor man.
ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။
Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။ Read more
ဖုန်းပေါ်ကနေ ပရိတ်ကြီး၊ ပဋ္ဌာန်းတို့ကို ရွတ်ဖတ်ပူဇော်နိုင်မယ့် Dhamma Droid

ငွေရောင်ငှက်နဲ့ ရွှေရောင်ငှက်


တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ “ဟာ… ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။ Read more
အချစ်စစ်ရဲ့ ရုပ်ပုံလွှာ

ကေသာမြစိမ်း
ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး
တင်းတင်းဆုတ်ထားတဲ့ လက်ကို ဖြုတ်မချခဲ့နဲ့…
တစ်နေ့က မဆုံတာကြာပြီဖြစ်တဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့
ညစာစားဖြစ်တယ်။ အိမ်ထောင်သက် (၃)နှစ် ရှိပြီဖြစ်တဲ့ သူ့အမျိုးသားကိုပါ
ခေါ်လာခဲ့တယ်။ Read more
အထီးကျန် April
ဝမ်းနည်းနေတယ် . . . .
အားငယ်နေတယ် . . . .
ကြေကွဲနေတယ်. . . ..
အနားမှာ သူမရှိတော့ဘူးဆိုတဲ့အသိ ..
အရမ်းကြောက်ဖို့ကောင်းတယ်. . . .
ဟူး . .
မွမ်းကြပ်တယ်. . . .
သူသိနိုင်မလား . .? Read more
ကမ္ဘာသြဇာအညောင်းဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ မဲပေးမယ်

Dota Key (world key) Download

Dota Key ပါ . . . ဂိမ်းဆော့ရင် Item သုံးရတာအဆင်ပြေတာပေါ့ .အဲဒါလေးတင်ပေးလိုက်တယ်
ဒီနားမျာဒေါင်းလိုက်ဗျာ …..Download Here
အမုန်းမြို့သူ (ဟာသ)
ငါမဖိတ်ခေါ်ပဲ နင်တက်လာခဲ့.. ဆရာမတွေရစ်တော့မှ
ငါ့ကြောင့်လို နင်ထင်ရာတံဆိပ်ကပ်မလို့လား…..
ငါမပြုစားခဲ့ပါ.. ငါမမျှော်လင့်ခဲ့ပါ MTU ကိုနင်ပြောင်းသွား… အရှုံးကြီးရှုံးနေလို့ အမုန်းကြီးမမုန်းနဲ့အုန်း.. အိုအူးဝူး.. Read more
မှတ်သားဖွယ်ရာ မဆိုမမိန့်များ :)
၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက်စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ အနည်းငယ် ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင် စိုးမိုးထားနိုင်လိမ့်မည်။
YTP Dota Online ကို Beta မှ Official အဆင့် တိုးမြှင့်လိုက်ပြီ
လာမယ့် ဧပြီလ (၈) ရက်နေ့ကစပြီး YTP Dota Online ကို Official Launch ပြုလုပ်တော့မှာဖြစ်လို့ YTP Dota Online Beta အဆင့်ကို ပြင်ဆင်ဖို့အတွက် ဧပြီလ (၁) ရက်နေ့ကစပြီး YTP Dota Online Server တွေကို ခေတ္တ ရပ်နားထားမယ်လို့ ပြောပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ Beta အဆင့်မှာရှိခဲ့တဲ့ Data တွေအားလုံးကို ဖျက်ပြီးတော့ Official အဆင့်ကို Data အသစ်တွေနဲ့ စတင်မှာလို့ ဆိုပါတယ်။ ယခင် (Beta အဆင့်ရှိတဲ့ Online Dota Games များနဲ့ Data Rank Statastic) အားလုံး ပြန်လည်ပြီး ထည့်သွင်းပေးတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ယခု အဆင့်တိုးမြှင့်တဲ့ Official မှာ (Website) ပိုမိုပြီး ထူးခြားကောင်းမွန်အောင် ပြုလုပ်ထားပြီးတော့ Dota Online league တွေကိုပါ ထည့်သွင်းထားပြီး၊ Dota Online league ကို မြန်မာပြည်တွင်းမှာ Dota Games များကို ကိုယ်ပိုင် Clan များဖွဲ့ပြီး ပါဝင်ယှဉ်ပြိုင်ဖြစ်ကာ Dota Online league ကို နှစ်လတစ်ခါ ပြိုင်ပွဲများ ကျင်းပပြုလုပ်မှာ ဖြစ်ပြီးတော့ ပထမဆုကို ငွေကျပ် ၁၀ သိန်း ဆုချီးမြှင့်မယ်လို့ ပြောပါတယ်။ Read more





